Tuesday, December 10, 2013

Certified Java Web Developer (CJWD) သင်တန်း ဖွင့်လှစ်မည်




ရန်ကုန် နိုဝင်ဘာ ၁ဝ
Certified Java Web Developer (CJWD) Course သည်
Java Programming (J2SE) ကို လေ့လာ သင်ယူပြီးသူများ ဆက်လက် တက်ရောက်သင့်သော သင်တန်းဖြစ်ပြီး Server Side Programming နှင့် ပတ်သက်သော နည်းပညာများကို သင်ယူရမည် ဖြစ်သည်။
Java Web Developer တစ်ယောက် ဖြစ်စေရန် အတွက် အဓိက လိုအပ်သော Servlet နှင့် Java Server Pages (JSP) နည်းပညာများ၊ Web Server အသုံးချ၊ Database ချိတ်ဆက် သုံးစွဲပုံ တို့အပြင် Software ကောင်း တစ်ခု ဖြစ်စေရန် အတွက် လိုအပ်သော Design Pattern များ အသုံးပြုပုံ တို့ကိုလည်း ကျွမ်းကျင် တတ်မြောက်သည် အထိ စနစ်တကျ သင်ကြားပေးမည် ဖြစ်သည်။ Java Enterprise Feature ကို အသုံးပြုပြီး Web/online ပေါ်တွင် အသုံးပြု နိုင်မည့ှ်Software များကို ရေးသားလိုသူများ၊ Java Professional တစ်ယောက် အဖြစ် ရပ်တည် လိုသူများ၊ နိုင်ငံရပ်ခြားတွင် အဆင့်မြင့် အိုင်တီ နည်းပညာများကို သွားရောက် သင်ယူလိုသူများ၊ ASP, PHP ကဲ့သို့ Web Programming Platform များ အတွေ့အကြုံရှိပြီး Java ကို လေ့လာနေဆဲ Web Developer များ အနေဖြင့်လည်း အလွယ်တကူ သင်ယူနိုင်မည် ဖြစ်သည်။ သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ နံနက် ၉ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အထိဖြစ်ပြီး သင်တန်း ကာလမှာ ငါးလ ကြာမြင့်မည် ဖြစ်သည်။ အဆိုပါ သင်တန်း တက်ရောက်လိုပါက အဆောင် (၅) အခန်း (၄) မြန်မာ အင်ဖိုတက်(ခ်) လှိုင်တက္ကသိုလ်များ နယ်မြေ လှိုင်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁-၆၅၂၂၈၈ နှင့် ဝ၁-၅၂-၁၁၂၅ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
မိုးအောင်

No comments:

Post a Comment