Thursday, December 12, 2013

"Myanmar Social Network http://group.doemyanmar.com"ကို ညွှန်းလိုက်ပါတယ်

မြန်မာနိုင်ငံမှာလူမှုကွန်ယက်(Social Network) အသုံးပြုမှုများတွင်ကျယ်လာတဲ့အမျှ အသုံးပြုသူ အများစုကတော့ Facebook ကိုအသုံးအများဆုံးဖြစ်လာပါတယ်။ ကိုယ်တိုင်အနေနဲ့လည်း FB လွဲလို့အခြား လူမှုကွန်ယက်ကို အသုံးမဖြစ်သလောက်ပါပဲ။ တလောတုန်းကတော့ သစ်ထူးလွင်မှာ သတင်းဝင်ဖတ်ရင်းနဲ့ ဘေးကရေးထားတဲ့ ကြော်ငြာကိုစိတ်ဝင်စားလို့ ဒို့မြန်မာ ဆိုတဲ့ sociel network ကို အမှတ်မထင် ၀င်သုံးကြည့်ဖြစ်တယ်။ အစကတော့ ကြော်ငြာမှာပါတဲ့ ပထမဆုငွေကျပ်(၅)သိန်းကို စိတ်ဝင်စားမိလို့ ၀င်သုံးကြည့်ဖြစ်တာပါ။ သုံးကြည့်ရင်းနဲ့မှ သပ်သပ်ရပ်ရပ်လေး စနစ်တကျပြင်ဆင်ထားတာကိုသတိထားမိပြီး မြန်မာလူမျိုးတွေအနေနဲ့လည်း ဒီလိုမျိုးအဆင့်မြင့် လူမှုကွန်ယက်တစ်ခုကို မြန်မာအမည်နဲ့ အဆင့်မြင့်မြင့်ဖန်တီးပေးထားကဲ့အတွက် ဂုဏ်ယူမိပါတယ်။

အခုဆိုရင် Facebook နဲ့ Twitter ကအစပြုလို့
နိုင်ငံတိုင်းမှာ ကိုယ်ပိုင် sociel network တွေ ရှိနေကြပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ sociel network နဲ့ပက်သက်လို့ FB ကလူသုံးအများဆုံးဖြစ်ပေမယ့် အချို့နိုင်ငံတွေမှာဆိုရင်တော့ အဲဒီလိုမဟုတ်ပါဘူး။ သူ့နိုင်ငံကိုယ်စားပြု ကိုယ်ပိုင် social network ကိုပဲနိုင်ငံတွင်းမှာ အသုံးများပါတယ်။  ဥပမာ - China မှာဆိုရင် renren.com, Japan မှာဆိုရင် mixi.jp, UK မှာဆိုရင် bebo.com နှင့် Brezil နိုင်ငံမှာဆိုရင် Orkut.com အစရှိသဖြင့် နိုင်ငံတွင်းသုံး
ကိုယ်ပိုင်လူမှုရေး ၀ဘ်ဆိုက်များ ရှိကြပါတယ်။ ဒို့မြန်မာရဲ့ About စာမျက်နှာမှာ ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာလူမျိုးတွေ အချင်းချင်းဆုံတွေ့ ဆက်သွယ်နိုင်ဖို့ တွေ့ဆုံရာနေရာလေး တစ်ခုအဖြစ်ဖန်တီးပေးထားတယ်လို့ သူရဲ့ရည်ရွယ်ချက်အကြောင်းဖော်ပြထားပါတယ်။ ဒါကြောင့် အချို့နိုင်ငံများကဲ့သို့ ဒို့မြန်မာဟာလည်း နည်းပညာခေတ်ကြီးထဲမှာ မြန်မာတွေအားလုံးအတွက် တည်ထောင်ပေးထားတဲ့ အဆင့်မြင့်လူမှုကွန်ယက် အမျိုးအစားတစ်ခုဖြစ်ပါတယ်။


ဒါနဲ့ပဲ စိတ်ဝင်စားလို့ နောက်တစ်ခါ FB သုံးရင်းနဲ့ ဒို့မြန်မာဆိုတာကို ရှာကြည့်လိုက်တော့ သူရဲ့ FB စာမျက်နှာမှာလည်း Like တစ်သောင်းကျော်ရှိတာကိုတွေ့ရတယ်။ ဖွင့်လှစ်တဲ့အချိန်ကာလအားဖြင့်လည်း ၄ လလောက်သာရှိသေးတယ်လို့သိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အချိန်တိုအတွင်းမှာ လူအများရဲ့ စိတ်ဝင်စားမှု၊ ယုံကြည်အားပေးမှုကို ရယူနိုင်ခဲ့ခြင်းဟာ ဒို့မြန်မာကို သုံးသပ်လေ့လာဖို့ စိတ်ဝင်စားသွားတဲ့ အကြောင်းရင်းတစ်ရပ်လည်းဖြစ်တယ်။  ဒို့မြန်မာဟာ facebookအကောင့်ရှိရုံနဲ့လည်း linkလုပ်ပြီး ၀င်ရောက်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။

 ဒို့မြန်မာ လူမှုကွန်ယက်ထဲကိုလည်း စူးစမ်းရင်းဝင်သုံးကြည့်ဖြစ်တော့ သူ့ရဲ့အသွင်အပြင်ဟာFB ပုံစံမျိုးယူပြီး တည်ဆောက်ထားပေမဲ့ အတွင်းပိုင်းအပြင်အဆင်တွေက မတူကွဲပြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ feature တွေပါထည့်သွင်းထားတာဟာ အခုမှစတင်တဲ့ လူမှုကွန်ယက်တစ်ခုအနေနဲ့ အတော်လေးပြည့်စုံစွာအားထုတ်ထားတာကို မြင်တွေ့နိုင်ပါတယ်။ အသုံးပြုသူတွေရဲ့ Profile Page ကအစ Timeline ပြောင်းပြီးသုံးနိုင်တာကိုလည်းတွေ့ရတယ်။ သတင်းများဖတ်ရှုနိုင်ဖို့အတွက် up to date ဖြစ်တဲ့သတင်းဝဘ်ဆိုက်တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် News မှာသတင်းတွေကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်တာကို သဘောကျမိပါတယ်။ ဓါတ်ပုံတွေ ဖလှယ်နိုင်တာတို့ သီချင်းဗွီဒီယိုတွေဝေမျှနိုင်တာတွေအပြင် ကိုယ်ပိုင်စာမျက်နှာသစ် ဖန်တီးရေးသားခြင်းတွေလည်း ပြုလုပ်လို့ရပါတယ်။ blog တွေလည်းပါဝင်ရေးသားနိုင်ပါတယ်။ နောက်ပြီး Game ကစားတာတွေနဲ့ E-book တွေဖတ်ရှုဝေမျှခြင်း နှင့်နှစ်သက်ရာစာအုပ်များကို download ချခြင်းတွေကိုပါပြုလုပ်နိုင်ပါတယ်။ အသုံးပြုသူတွေအတွက်လည်း အကျိုးရှိစေမည့် စိတ်ဝင်စားဖွယ်ရာ Game အစီအစဉ်များလည်းရှိပြီး နှစ်စဉ်နှစ်တိုင်းမှာအလားသဏ္ဍန်တူ Gameများ စီစဉ်ထားရှိပေးမည့်အကြောင်းကြေငြာချက်ကိုလည်း တွေ့ခဲ့တယ်။ ဒါကတော့ အသုံးပြုသူတွေအနေနဲ့လည်း မိမိအလိုရှိရာကိုဝင်ရောက်အသုံးပြုရင်း ဆုငွေရယူနိုင်တဲ့အစီအစဉ်ဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတာတော့ အမှန်ပါပဲ။
ဖွင့်လှစ်စ ၄ လအတောအတွင်းမှာ Members အရေအတွက် 9000 ကျော်ရှိနေတာကိုမြင်တွေ့ရပြီး သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်း chatting ပြောဆိုခြင်းများကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ မိမိတို့ကိုယ်တိုင်ဝါသနာပါရာ ကဏ္ဍအလိုက် Forumများဖွင့်လှစ်ပါဝင်နိုင်တာကို တွေ့မိပါတယ်။

မြန်မာအစားအစာအချက်အပြုတ်နဲ့ပတ်သက်တဲ့သီးသန့် menu နောက်ပြီး marketplace တို့ business dictionary တို့လိုမျိုး လုပ်ဆောင်ချက်အသစ်တွေနဲ့ မိတ်ဆက်ပေးထားတာမျိုးကိုလည်း တွေ့ရပါတယ်။ အဆိုပါနေရာမျိုးတွေမှာ မိမိရဲ့ကုန်ပစ္စည်း များအား ကြေငြာရောင်းချခြင်း ပြုလုပ်နိုင်သလို business dictionary မှာတော့ စီးပွားရေးနဲ့ပက်သက်တဲ့ အချက်အလက်တွေ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။ ဒီလို feature အသစ်တွေဟာအသုံးပြုသူတွေအနေနဲ့ အနည်းငယ်စိမ်းသယောင်ဖြစ်နေပေမယ့် နောင်အခါမှာ အွန်လိုင်းကို လှုမှုရေးအတွက်အပြင် စီးပွားရေးပြုလုပ်ခြင်းတွေကိုပါ တွဲဖက်လုပ်ဆောင်နိုင်စေတာမို့ စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးပေးထားသူများကိုလည်း ကျေးဇူးတင်စရာပါပဲ။ ဒါတွေကတော့ အခြားမြန်မာ လူမှုကွန်ယက်တွေမှာ အသုံးနည်းတဲ့ အမျိုးအစားတွေပါ။ Marketplace လိုနေရာမျိုးမှာ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ၀င်ရောက်ကြော်ငြာပြီး ရောင်းချနိုင်ပါတယ်။ အသုံးပြုသူတွေဟာ မိမိတို့ဘယ်နေရာကို ရောက်ရှိသည်ဖြစ်စေ ဒို့မြန်မာ၏စာမျက်နှာမှတဆင့် Check-inပြုလုပ်ခြင်းဖြင့် မိမိရောက်ရှိရာအရပ်ကို အခြားသူငယ်ချင်းများကို သိရှိစေနိုင်တယ်။ မိမိရောက်ရှိရာနေရာကို google map နဲ့ချိတ်ဆက်ပြီး ဖော်ပြပေးနိုင်တဲ့လုပ်ဆောင်ချက်မျိုးပါပဲ။

ဒို့မြန်မာကိုဝင်ကြည့်ရင်းနဲ့ သတင်းအချက်အလက်တွေစုံလင်စွာ ရရှိဝေမျှနိုင်တဲ့နေရာလေးတစ်ခုအဖြစ် အသုံးပြုရတာ နှစ်သက်ကျေနပ်မိပါတယ်။ ဒါ့အပြင်မိမိကိုယ်တိုင် မြန်မာတွေစုဝေးရာရွာလေးတစ်ရွာ၊ shopping mall လေးတစ်ခုထဲကိုရောက်သွားသလိုမျိုးခံစားရတယ်။ အခုဆိုရင် ကမ္ဘာနဲ့အ၀ှမ်းမှာ mediaတွေအားကောင်းလာတာနဲ့အမျှ လူတွေဟာသူတို့ရဲ့လိုအပ်ချက်များအလိုက် အချိန်အသုံးပြုမှုဟာ Onlineပေါ်မှာ သင်ယူလေ့လာခြင်း၊ အချိန်ဖြုန်းခြင်းတွေ ပိုမိုပြုလုပ်လာပါတယ်။  ဒီလိုသဘောတရားတွေကြောင့် နိုင်ငံတကာမှာဆိုရင်တောင် Online Business တွေဟာ Social Network တွေနဲ့ Link လုပ်ပြီးစီးပွားရေးလုပ်ဆောင်ရတာမျိုးတွေကို ပိုပြီးသဘောကျလာကြပါတယ်။ မြန်မာပြည်မှာလည်း အနှေးနဲ့အမြန်ဆိုသလို ဒီလိုပုံစံမျိုး တိုးတက်ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

အကြောင်းအရာတွေအားလုံးနီးပါးကို လေ့လာအသုံးပြုပြီးတဲ့နောက်မှာ မိမိရဲ့ Mobile internet ကနေတဆင့် ဒို့မြန်မာ Social Networkကိုအသုံးပြုကြည့်တဲ့အခါမှာတော့ အဆင်မပြေမှုလေးတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒို့မြန်မာစာမျက်နှာမှာတွေ့ရှိမိတဲ့ ဆက်သွယ်ရန်လိပ်စာ info@doemyanmar.com ကိုဆက်သွယ်စုံစမ်းကြည့်မိတယ်။ လောလောဆယ်အနေနဲ့ Android OS အတွက် Myan browser ကို Download လုပ်ပြီး သုံးမယ်ဆိုရင် Computer မှာသုံးသလို Mobile မှာအဆင်ပြေစွာအသုံးပြုနိုင်ပြီး ယခုနှစ် ၂၀၁၃ အတွင်းမှာပဲ ဖုန်းတွေမှာ native language နဲ့အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ iOS နှင့် Android အတွက် Mobile version ထွက်ရှိလာမည်လို့လည်း သိရပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့လည်း online ပေါ်ရောက်ရင် မြန်မာတွေအချင်းချင်း ဆုံတွေ့နိုင်ဖို့ရည်ရွယ်တည်ထောင်ထားတဲ့ doemyanmar.com အဆင့်မြင့်မြန်မာ လူမှုကွန်ယက်ကို ပါဝင်အသုံးပြုကြဖို့ မြန်မာအားလုံးကိုယ်စား ဒီဆောင်းပါးလေးနဲ့တိုက်တွန်းလိုက်ပါတယ်။

http://www.myanmar-network.net မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment