Tuesday, December 10, 2013

ဘယ်လိုလုပ်ငန်းမျိုးတွေမှာ website လိုအပ်ပါသလဲ။

ယခုအခါတွင် IT ၏ကျယ်ပြန့်လာမှုမှာ တစ်နေ့ထက်တစ်နေ့ မြန်ဆန်လာသည်ကို သင်ကိုယ်တိုင်တွေ့မြင် နိုင်ပါတယ်။ သင်ကိုယ်တိုင်ပင် နေ့စဉ် internet ကို မသုံးမဖြစ်သုံးနေရမည်။ အပျော်တမ်းသက်သက် မဟုတ်ပဲ လုပ်ငန်းအတွက် personal အတွက် သုံးနေကြရသည်။ ထို့ကြောင့် internet ပေါ်တွင် သင့်အား အကျိုးများစွာ ပေးနိုင်သော စနစ်များ အများအပြားကို သင် ကိုယ်တိုင်သိရှိပြီး ဖြစ်ပါလိမ့်မည်။
သင်သည် လုပ်ငန်းရှင်တစ်ဦးဖြစ်လျင် သင့်အတွက် website
လိုအပ်သည်မလိုအပ်သည်ကို ဆွေးနွေးရမည်ထက် သင့်အတွက် ဘယ်လိုwebsite မျိုးလိုအပ်သည်ကို သာဆွေးနွေးသင့်သည်။ လုပ်ငန်းတိုင်းသည် ယင်းလုပ်ငန်းအကြောင်းကို များပြားလာသော လူဦးရေ အတိုင်းအတာ တစ်ခုကို ကျယ်ပြန့်စွာ သိရှိစေနိုင်သော နည်းလမ်း များတွင် internet နည်းပညာ သည် ဈေးနှုန်းအသက်သာဆုံး နှင့် အထိရောက် ဆုံး နည်းလမ်းဖြစ်လာသည်။
သင်ယခု တင်လိုက်သော အချက်အလက်တစ်ခုသည် စက္ကန့်ပိုင်းအတွင် online ပေါ်ရှိ မိမိ customer များ ထံသို့ ရောက်ရှိသွားနိုင်သည်။ ထို့ပြင် ၂၄ နာရီပတ်လုံး အလုပ်လုပ်ပေးနေသာ သင့် website သည် သင့် နှင့် သင့် လုပ်ငန်း အစား customer များကို ၂၄ နာရီ ပတ်လုံး ဖြေကြားပေးနေသည်။ customer ၏ အကြောင်းကြားစာ မေးမြန်းစာများကို လည်း အလျင်မြန်ဆုံး ၂၄ နာရီပတ်လုံး လက်ခံပေးနိုင်ပြန်သည်။ ထို့ပြင် online advertising သည် ယခုနောက်ပိုင်း အလွန်ခေတ်စားလာသည်။ နောင်တွင် ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းများထက် သာလွန်သော advertising media တစ်ခုဖြစ်လာမည်။ ထိုသို့ online ပေါ်မှ ကြော်ငြာရာတွင် ကြော်ငြာတင်သော website တစ်ခု၏  အကျယ်အ၀န်းတစ်ခုစာ နေရာတွင် ကြော်ငြာ နိုင်ကြသည်။ ထို့ကြောင့် ကြော်ငြာရှင် အများစု သည်၎င်းတို့ပေး လိုသော အချက်အလက်များကို ထိုကြော်ငြာကွက်တွင် အကျဉ်းချုံ့၍ ဖော်ပြပြီး ထိုမှတဆင့် နှိပ်၍ရောက်လာသော page တွင်မူအသေးစိတ်ဖော်ပြ ဆွဲဆောင်ကြသည်။
ထိုသို့ နှိပ်၍ ရောက်လာသော page မှာ သင်၏ website၏ စာမျက်နှာတစ်ခုကို ဆိုလိုပါသည်။ ထို့ကြောင့် online advertising အတွက်လည်း သင့်တွင် website ရှိနေရန်လိုအပ်ပြန်သည်။
 မြန်မာနိုင်ငံ တွင် website အဓိက ပြုလုပ်လာကြသော လုပ်ငန်းများမှာ  car showroom များ၊ အိမ်ခြံမြေ ၀န်ဆောင်မှု၊ social network၊ online shopping sites၊ သတင်း website များ အစရှိသဖြင့် များစွာ တည်ဆောက်လာကြပြီဖြစ်သည်။ အခြားလုပ်ငန်းများသည်လည်း မကြာမီကာလများတွင် website တည်ဆောက် မှု ပိုမို များပြားလာကြမည်ဟုယုံကြည်ပါသည်။
နိဂုန်းချုပ်အနေဖြင့် သင်တို့၏ လုပ်ငန်းများ ပိုမို ကျယ်ပြန့်ထွန်းကား ရန်အတွက် internet နည်းပညာများကို အပြည့်အ၀အသုံးချပါ၊ ကိုယ်ပိုင် website တည်ဆောက်ပါဟု အကြံ့ပုလိုပါသည်။

No comments:

Post a Comment